# မင်္ဂလာရှိသောသည် အဘယ်အရပ်သို့ မသွားတတ်သနည်း။ မတရားသောသူတို့၏ တိုက်တွန်းခြင်းလမ်းသို့မလိုက်တတ်ပါ။ # မင်္ဂလာရှိသောသူသည် အဘယ်အရပ်၌ မရပ်တတ်သနည်း။ လူဆိုးတို့၏လမ်းတွင် မရပ်နေတတ်ပါ။ # မင်္ဂလာရှိသောသူသည် မည်သည့်နေရာ၌ မထိုင်တတ်သနည်း။ မထီမဲ့မြင် ပြုသောသူတို့၏ အစည်းဝေး၌မထိုင်တတ်ပါ။ # မင်္ဂလာရှိသောသူသည် မည့်သည့်အရာနှင့် ပျော်မွေ့တတ်သနည်း။ ထာ၀ရဘုရား၏ တရားတော်၌ ပျော်မွေ့တတ်သည်။ # မင်္ဂလာရှိသောသူသည် မည်သို့သောအချိန်၌ တရားတော်ကိုဆင်ခြင်တတ်သနည်း။ မင်္ဂလာရှိသောသူသည် နေ့ညဉ့်မပြတ် ဆင်ခြင်အောက်မေ့တတ်သည်။