# ခမည်းတော်သည်ယေရှုအားမည်သည်ကိုပေးသနည်း။ ခမည်းတော်သည်ယေရှုအားအလုံးစုံကိုပေးအပ်ပါသည်။ # ယေရှုသည်မည်သည့်နေရာမှလာ၍ မည်သည့်နေရာသို့ပြန်သွားသနည်း။ ယေရှုသည်ဘုရားသခင်ထံမှလာ၍ ဘုရားသခင်ထံသို့ပြန်သွားပါသည်။ # ယေရှုသည်ညစာစားပွဲမှထ၍ မည်သို့လုပ်ဆောင်သနည်း။ ယေရှုသည်ညစာစားပွဲမှထ၍ သူ၏ဝတ်လုံကိုချွတ်ပြီးလျှင်ပဝါကိုခါး၌စည်းလျက် အင်တုံ၌ရေထည့်ကာတပည့်တော်တို့၏ခြေကိုဆေးပြီးမှ ခါး၌စည်းထားသောပဝါနှင့်သုတ်ပေးပါသည်။