# ဘုရင်သည် မိန်းမစိုးအုပ် အာရှပေနတ်ကို ဘာလုပ်ဖို့ရန် ပြောခဲ့သနည်း။ ဘုရင်သည် မိန်းမစိုးအုပ် အာရှပေနတ်အား ဣသရေလ လူမျိုးထဲမှ မင်းမျိုးမင်းနွယ်များနှင့် မြင့်မြတ်သောသူ အချို့ကို ခေါ်လာဖို့ရန် ပြောခဲ့သည်။ # ဘုရင်က အဘယ်သို့သော လူငယ်မျိုးကို ဗာဗုလုန် ထဲသို့ ခေါ်လာစေချင်သနည်း။ ဘုရင်သည် အကျင့်စာရိတ္တကောင်းမွန်သောသူ၊ မြင်မြင်သာသာ ဆွဲဆောင်မှုရှိသောသူ၊ ဉာဏ်ပညာထက်မြတ်သောသူ၊ အသိပညာဗဟုသုတ ကြွယ်သောသူ၊ နားလည်ခြင်းရှိသောသူနှင့် ဘုရင့်နန်းတော်အတွင်း အစေခံဖို့ရန် အရည်အချင်းပြည့်မှီသောသူ လူငယ်မျိုးကို လိုချင်ခဲ့သည်။ # ထိုလူငယ်များအား မည်သည့်အရာများကို ကျွေးမွေးရန် ဖြစ်သနည်း။ ထိုလူငယ်များအား ဘုရင်၏ ဟင်းလျာများ၊ ဘုရင်သောက်သောဝိုင်ထဲမှ အချို့ကိုယူ၍ သူတို့အား နေ့စဉ်ကျွေးမွေးရန်ဖြစ်သည်။